Loading...
ခင်ခင်ကြီးသည် တွင်းရိုး၊ တွင်းစား မျိုးရိုးဖြစ်သည်။ ရေနံ့သာစံအိမ်ကြီးတွင် နေထိုင်နေသူဖြစ်၍ ရေနံ့သာခင်ခင်ကြီးဟု နာမည်ကြီးသော်လည်း ဘဝမှာခက်ခဲကြမ်းတမ်းခဲ့သည်၊ ဖခင်နှင့်ရန်ညှိုးရန်စရှိသူ၏ သားနှင့်မေတ္တာမျှခဲ့ရာမှ အိမ်ပေါ်မှနှင်ချခံခဲ့ရသည်။ ချစ်ရသူမောင်မောင်ဦးမှာလည်း သူ့ကိုဥပေက္ခာပြုထားသည် ဟု မှတ်ယူကာနာကျည်းခဲ့ရသည်။ ရွာငယ်လေးတစ်ရွာတွင် ရင်သွေးလေးကိုဖွားမြင်ရင်း ဇာတ်မြှုပ်နေထိုင်ခဲ့သည်။ အဖွားဖြစ်သူ၏ ကျန်းမာရေးအခြေအနေကြောင့် ရေနံ့သာစံအိမ်ကြီးပေါ် ပြန်တက်ခွင့်ရခဲ့သော်လည်း ရင်သွေးလေးကိုခေါ်ယူသွားခွင့်မပေးခဲ့၍ ပွဲစားကြီးတစ်ဦးထံတွင် ခေတ္တအပ်နှံခဲ့ရသည်၊ မိဘများကိုတောင်းပန်ပြီး တစ်နေ့ ပြန်ခေါ်မည်ဟု ရည်ရွယ်ထားခဲ့သည်။