ပိုးသည် အနုပညာဝါသနာပါပြီး တစ်နေ့တွင် ရုပ်ရှင်မင်းသမီးဖြစ်ရမည်ဟု ရည်မှန်းချက်ထားသူ ဆယ်တန်းအောင်ကာစ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဖြစ်၏။သူ့တွင် ကျောက်ပွဲစားအလုပ်ကိုလုပ်နေသည့် အကိုကြီး ကိုတိုး နှင့် ဖခင်၏ညီ မဖြစ်သူ အဒေါ် ဒေါ်လေးမေတို့နှင့် ရန်ကုန်မြို့ရှိ ရပ်ကွက်လေးတစ်ခုတွင် အတူတူ နေထိုင်ကြ၏။ ဒေါ်လေးမေက စက်ချုပ်ရင်း ပိုး တို့မောင်နှမကို ငယ်စဉ်ကတည်းက ကျွေးမွေးစောင့်ရှောက်လာသူ တစ်ဦးဖြစ်သည်။ပိုးတို့မောင်နှမနှစ်ယောက်အား မိခင်ဖြစ်သူက ပစ်ထားခဲ့ပြီး ဖခင်နှင့်အတူနေထိုင်ခဲ့ရ၏။ ဖခင်က မိခင်စိတ်ဖြင့်အရက်သမားဖြစ်လာခဲ့ပြီး ပိုးတို့ မူလတန်းကျောင်းတက်ကာစတွင် ကွယ်လွန်သွားရာမှ ဖခင်၏ညီမ ဒေါ်လေးမေက ပိုးတို့နှစ်ယောက်ကိုခေါ် ယူမွေးစားခဲ့ပြီး တခြားရပ်ကွက်သို့ပြောင်းသွားခဲ့တော့သည်။ ဒေါ်လေးမေသည် ပိုးတို့၏မိခင် ရုပ်ရှင်မင်းသမီး မိုးဝဿန်အား ခင် ပွန်းနှင့်သားသမီးနှစ်ဦးတို့ကို ရက်ရက်စက်စက်ပစ်ထားခဲ့ပြီးဒါရိုက်တာတစ်ဦးနှင့်ယူသွားသည့်အတွက် အလွန်စိတ်နာခဲ့၏။မိခင်ဖြစ်သူနိုင်ငံကျော် ရုပ်ရှင်မင်းသမီးနှင့် ငယ်စဉ်ကတည်းကကွဲကွာနေရသော မောင်နှစ်မနှစ်ဦးတို့၏ရင်နှင့်ဖွယ်ဇာတ်လမ်းကို "ပိုး" မြန်မာရုပ်သံဇာတ်လမ်းတွဲမှာတနင်္လာနေ့မှ သောကြာနေ့အထိ ည (၇:၀၀) အချိန် MRTV-4 ရုပ်သံလိုင်းတွင် စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။