
ပန်းပွင့်အက္ခရာ
ဂျိုယွန်းဂျူဟာ တောင်ကိုရီးယားအမှုစစ်တစ်ယောက်ဖြစ်ပြီး ဆတ်ဆတ်ထိမခံတတ်တဲ့ အကျင့်စရိုက်ရှိသူလည်းဖြစ်ပါတယ်...သူမဟာ ဘာသာစကား ၄မျိုးတတ်မြောက်ထားပြီး လူမိုက်တွေနဲ့လည်းအရောတဝင်ပေါင်းသင်း ဆက်ဆံနိုင်တာကြောင့် အမှုစစ်နယ်ပယ်မှာ နာမည်ကြီးသူတစ်ဦးဖြစ်ပါတယ်...တစ်ရက်မှာတော့ အမှုလိုက်ရန် လေလံပွဲ တစ်ပွဲသို့သွားရင်း ကားတိုက်ခံလိုက်ရတာကြောင့် သတိလစ်မေ့မြောသွားခဲ့ပါတယ်...သတိပြန်ရလာတဲ့အချိန်မှာတော့ သူမဟာ အတိတ်မေ့သွားပြီး သူမနဲ့ ရုပ်ချင်းခွဲမရအောင် ချွတ်စွပ်တူတဲ့ သူဌေးသမီး ဂန်းမီနာအိမ်သို့ ရောက်ရှိနေခဲ့ပါတယ်...ဂန်းမီနာကတော့ ယူမင်းလုပ်ငန်းစုရဲ့အငယ်ဆုံးသမီးဖြစ်ပြီး ဟန်ဂျူလုပ်ငန်းစုမှ ဒုတိယချွေးမတစ်ဦးလည်းဖြစ်ပါတယ်...သူမဟာ တရားမဝင်သမီးဖြစ်နေတာကြောင့် ယောက္ခမမိသားစုရဲ့ အနိုင်ကျင့်နှိပ်စက်မှုကိုလည်း ခံနေရသူဖြစ်ပါတယ်...အမြဲလိုလို အစေခံတစ်ယောက်လို ဆက်ဆံခံခဲ့ရပြီး အိမ်မှုကိစ္စအားလုံးကိုလည်း သူမတစ်ယောက်တည်း သိမ်းကျုံးလုပ်ကိုင်ခဲ့ရပါတယ်...အမျိုးသားဖြစ်သူကလည်း သူမဘက်မပါခဲ့တာကြောင့် ကာကွယ်ပေးမယ့်သူ တစ်ယောက်မှရှိမနေခဲ့ပါဘူး...ဒီလိုနဲ့ သူမဟာ မွန်းကျပ်မှုတွေရဲ့အဝေးကိုထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်...