
မဆုံးသောအိပ်မက်(အတွဲ-၂)
ဂျူဒန်းထယ်နဲ့ချောင်းဆောဂျင်းတို့ဟာ အိုယွန်ဟီးကို လူသတ်တရားခံအဖြစ် ပိပိရိရိစွပ်စွဲလိုက်ကြပြီး ကုမ္ပဏီနှစ်ခုပူးပေါင်းရေးအတွက် လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်...ထိုအချိန်မှာ တစ်နှစ်ကျော်ကြာထွက်ပြေး တိမ်းရှောင်နေခဲ့တဲ့အိုယွန်ဟီးဟာ ရုတ်တရက်ပြန်ပေါ်လာပြီး ရဲစခန်းမှာ အဖမ်းခံလိုက်ပါတယ်...ထို့နောက် အိုယွန်ဟီးဟာ မျက်မြင်သက်သေတစ်ဦးဖြစ်ခဲ့တဲ့ အိမ်တော်ထိန်းယန်းနဲ့တွေ့ခွင့်တောင်းခဲ့ပါတယ်...အိမ်တော်ထိန်းယန်းအိမ်ကို ရဲတွေလိုက်သွားတဲ့အချိန်မှာတော့ အိမ်တော်ထိန်းယန်းဟာ အသက်မရှိတော့ပါဘူး...သူ့အိမ်ထဲမှာသေတမ်းစာတစ်စောင်ချန်ထားခဲ့ပြီး ထိုသေတမ်းစာထဲမှာ ရှင်းဆူရွန်းကိုသတ်ခဲ့တဲ့တရားခံအစစ်ဟာ ဥက္ကဌဂျူလို့ရေးထားပြီး အိုယွန်ဟီးကိုလည်း အပြစ်ပုံချခဲ့မိတဲ့အတွက် အားနာမိကြောင်းရေးသွားခဲ့ပါတယ်...ဒါကြောင့် ရဲများဟာ အပြစ်မရှိတဲ့အိုယွန်းဟီကို ပြန်လွှတ်ပေးလိုက်ပြီး ဂျူဒန်းထယ်ကို လူသတ်တရားခံအဖြစ် သွားဖမ်းခဲ့ကြပါတော့တယ်...ဒါပေမဲ့ ဂျူဒန်းထယ်ဟာ ကောက်ကျစ်ယုတ်မာသူပီပီ ရှင်းဆူရွန်းကို အိမ်တော်ထိန်းယန်းသတ်ခဲ့တဲ့ပုံစံ ဇာတ်လမ်းပြန်ဆင်ကာ ကိုယ်လွတ်ရုန်းနိုင်ခဲ့ပါတယ်...တရားသေပြန်လွတ်လာတဲ့အိုယွန်ဟီးဟာ သူ့သမီး ဘယ်ရိုနာနဲ့အတူ နိုင်ငံခြားထွက်သွားပါတော့တယ်...