
ချစ်ခြင်းကတိတည်စေ
မေထီဂရု၏အမွေဆက်ခံခွင့်ရှိသူ မြေးကြီးဖြစ်သူ ထက်နှင့်ညီဖြစ်သူထမ်...ထက်ကအမွေဆက်ခံသူဆိုသော်လည်း သေတမ်းစာသတ်မှတ်ချက်အရ သေတမ်းစာဖွင့်ဖတ်ပြီးနှစ်နှစ်အတွင်း အိမ်ထောင်ပြုကလေးယူရမည်ဖြစ်သည်...သို့သော်ထက်မှာဂေးဖြစ်နေပြီးမိသားစု၏မျှော်လင့်ချက်ကိုမဖြည့်စည်းပေးနိုင်ဖြစ်နေသည်ကို ညီဖြစ်သူထမ်မှဘေးမှကူညီစောင်မပေးခဲ့သည်...ထန်မှာဂျစ်ကန်ကန်နိုင်သည့်လူငယ်တစ်ဦးဖြစ်သော်လည်းကူညီပေးတတ်သူဖြစ်သည်...တစ်နေ့ထမ်မီးပွိုင့်တွင်ကားပိတ်နေချိန်နားကြပ်တပ်ကာလမ်းကိုမကြည့်ဘဲစက်ဘီးနင်းလာသည့်ကလေးငယ်တစ်ဦးကလမ်းကူးသူများကိုတိုက်မိမည့်အဖြစ်မှဟန့်တားရင်းနွတ်နှင့်တွေ့ဆုံကာသဘောကျလာခဲ့ပြီးနှစ်ဦးရင်းနှီးခဲ့သည်...အမျိုးသမီးလေး နွတ် မှာ ညီအစ်ကိုနှစ်ယောက်ထဲမှ တစ်ယောက်ကိုတကယ်ချစ်ခင်နှစ်သက်သွားမိပြီး ကျန်တစ်ယောက်ကတော့ မိသားစုငွေကြေးပြဿနာအခြေအနေကြောင့်ဟန်ဆောင်စေ့စပ်ခဲ့ရသူဖြစ်ခဲ့တယ်...ရှုပ်ထွေးလှတဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုဒီဇာတ်လမ်းတွဲမှာခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်...